“အသက် စွန့်ဝံ့သူ စွန့်ရဲသူများ”“အသက် စွန့်ဝံ့သူ စွန့်ရဲသူများ”
သတ္တဝါများ အကြောက်ဆုံးမှာ သေခြင်းဖြစ်၏၊ အသက် အသေခံရမည့်ကိစ္စနှင့်ရင်ဆိုင်ကြုံတွေ့လာလျှင် နည်းလမ်းပေါင်းစုံဖြင့် ရှောင်ရှားနိုင်အောင်ကြိုးစားအားထုတ်ကြ၏၊ စည်းစိမ်ချမ်းသာ ဥစ္စာပစ္စည်းအကုန်ခံကြ၏၊ ကိုယ်ခန္ဓာ အစိပ်အပိုင်းများဖြတ်တောက်ထုတ်ပယ်မှ အသက်ရှင်နိုင်မည်ဆိုလျှင်လည်း စွန့်ပယ်နိုင်ကြ၏။ ထိုမျှ အသက်ကိုတန်ဘိုးထားကြသူတို့သည် လိုချင်မှု ပိုင်ဆိုင်လိုမှု အနိုင်လိုမှု အရေးပါအရာရောက်လိုမှု ထင်ပေါ်ကျော်ကြား ဩဇာလွှမ်းလိုမှု ချမ်းသာရလိုမှု လောဘဖြင့် အသက်အသေခံရဲကြ၏။ အဖိနှိပ်ခံ အနှိပ်စက်ခံ အနိုင်ကျင့်ခံလွမ်းမိုးဩဇာခံ အချုပ်ချယ်ခံ အနှိမ်ခံအရှုံးခံ ဘဝများ၏
“ဘာသာရေး မူကြို”“ဘာသာရေး မူကြို”
လူဘဝအစ မွေးဖွားပြီး မိခင်ရင်ခွင်နို့ချိုစို့ကာ လေး ငါးနှစ်အရွယ် မူကြို ကျောင်းတွင် စာ၊ ကဗျာ၊ သီချင်းများကို အလွတ်နှုတ်တက်ရအောင် သီဆိုနိုင်ကြသော်လည်း အနက် အဓိပ္ပါယ် သေခြာမသိ နားမလည်ကြပါ။ ဘာသာရေးတွင် ရွတ်ဆိုနေကြသည့် ရှိခိုး၊ ကန်တော့၊ သီလတောင်း၊ ပရိတ် ပဌါန်း၊ ဆောင်ပုဒ်များ နှုတ်တက်အလွတ်ရွတ်ဆိုနိုင်ကြပြီး အနက်အဓိပ္ပါယ် နားမလည် သေခြာမသိကြပါလျှင် မူကြိုအဆင့် ဗုဒ္ဓဘာသာဖြစ်၏။
“မရှိစကား ကြားကြပါစေ”“မရှိစကား ကြားကြပါစေ”
ဗုဒ္ဓဘာသာဝင်များ အလှူဒါန ကောင်းမှုပြုလုပ်ကြပြီး ဆုတောင်းမေတ္တာပေးကြရာတွင် သဘောကျအပြောများသော ” မရှိဆိုသောစကား မကြားရပါစေနှင့် ” ဟူသောဆုတောင်းသံကို နိဗ္ဗာန်ဆော်များ အသုံးများကြသည်။ ယခုအခါ အတွေးအမြင် ရှုထောင့်တစ်ခုအဖြစ် ” မရှိ ဟူသောစကား ကြားကြပါစေ” * အသတ်ခံရခြင်း မရှိ။* အခိုးခံရခြင်း မရှိ။ * အလိမ်ခံရခြင်း မရှိ။ * ကာမခံရခြင်း မရှိ။